ထားဝယ် ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ ကျင့်ခန်း (အေရိုးဗစ်) နှင့်Fitness Dance ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရား သူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များတို့က ကြည့်ရှုအားပေးခဲ့ကြပြီး အကဲဖြတ်ဒိုင်အဖွဲ့များက စိစစ် ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။
ထိုနောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ရမှတ်အများဆုံးရရှိသော ထားဝယ်မြို့နယ် အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။
နေပြည်တော်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့် ခန်း (Aerobic) နှင့် MyanmarDance ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင်ရွေးချယ်ရေးနှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးရည်ရွယ်၍ ပြိုင်ပွဲကျင်း ပပေးခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင်ထံမှ သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)