သတင်းများ

ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေသူများ ဖြင့်စည်ကား
Dec 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေ တွင်ခရစ္စမတ်ရုံးပိတ်ရက် ဖြစ်သည့်ယနေ့ (၂၅.၁၂.၂၀၂၁)ရက်နေ့တွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကား လျှက်ရှိသည်။
သထုံမြို့၌ (၆၈)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး) စာဖြေပွဲ ကျင်းပ
Dec 25,2021
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှကျင်းပပြုလုပ်သော(၆၈) ကြိမ်မြောက်အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြသပိတ်တောင်ခြေ၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိပရိယတ္တိသာသနာ့ဟိတအသင်း စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ဖားကန့်ဒေသအတွင်း ကိုယ်ထူကိုယ်ထ ကွန်ကရစ် လမ်းများ ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ နှင့် တွေ့ဆုံဆွေးနွေး
Dec 25,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကိုယ်ထူကိုထကွန်ကရစ်လမ်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အတူ ယမန်နေ့နံနက် (၉) နာရီတွင် ကိုယ်ထူကိုယ်ထကွန်ကရစ် လမ်းများ ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရေနံချောင်းမြို့စက်မှုလက်မှုသိပ္ပံကျောင်းနှင့် ရေနံချောင်းတက္ကသိုလ်ကျောင်းများတွင် ကျန်းမာရေးအသိပညာပေး ဗီနိုင်းဆိုင်ဘုတ်များစိုက်ထူခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်း ဆောင်ရွက်
Dec 25,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့စက်မှုလက်မှုသိပ္ပံကျောင်းနှင့် ရေနံချောင်းတက္ကသိုလ် ကျောင်းများတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့ ယမန်နေ့နံနက်(၁၀) နာရီအချိန်ခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာရေးအသိပညာပေးဗီနိုင်း ဆိုင်ဘုတ်များ စိုက်ထူခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်းများဆောင်ရွက်ခဲ့ကြသည်။
ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူ စည်ကားများပြားလျက်ရှိ
Dec 25,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှလာရောက်အပမ်း ဖြေသူများ ယနေ့နံနက်ပိုင်းက စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပ
Dec 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊မိုင်း နောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ကဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 
ညောင်တုန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားသရုပ်ပြသပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားသရုပ်ပြသပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ ၂၅ရက်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ် ကျေးရွာ နှစ်ရွာတွင် ကဏ္ဍပေါင်းစုံအကျိုးပြုနိုင်မည့် လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Dec 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ပန်းညိုကျေးရွာနှင့် သင်တောကျေးရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ကျောက်ရောမြေနှင့် မြေနီကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းလိုအပ်ချက်များအပေါ်  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။