သတင်းများ

ဘူးသီးတောင် မြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ပြည်သူ့စာကြည့်တိုက်တွင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက် Face book Pageများမှ တဆင့်စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူ ၊လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှ အသိပညာမျှဝေခြင်းကဏ္ဍများ ဖြစ်သည့် Talk Show၊ သုတ၊ ရသ စာအုပ်/စာစောင် မိတ်ဆက်ခြင်း၊ စာပေသုတမျှဝေခြင်း၊ ပုံပြင်ပြောခြင်း ၊ကဗျာ ရွတ်ဆိုခြင်းနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက် /ပန်းအလှခေါက်  ခြင်း အစီအစဉ်များကို ရိုက်ကူး၍ ဘူးသီးတောင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Pageမှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စုရှိ အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ခြုံစောင်များ လှူဒါန်း
Dec 25,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စုရှိ ကျေးရွာ(၆)ရွာမှ အသက်(၆၀)နှစ် အထက် သက်ကြီးဘိုးဘွားများအား ဆောင်းရာသီကာလ နွေးထွေးစွာနေထိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတ လူမှုကူညီရေးအသင်းက ခြုံစောင်များ သွာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အဘိဓမ္မာနှင့် ဝသုဒ္ဓိမဂ် စာမေးပွဲများ ကျင်းပလျက်ရှိ
Dec 25,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အဘိဓမ္မာ(ဂုဏ်ထူး)၊ အဘိဓမ္မာ(ရိုးရိုး)နှင့် ဝသုဒ္ဓိမဂ် စာမေးပွဲများကို ပျဉ်းမနားမြို့နယ်၊ အုန်းတောပရိယတ္တိစာသင်တိုက် စာဖြေဌာနနှင့် ဇမ္ဗူသီရိမြို့နယ် နန်းဦးပရိယတ္တိစာသင်တိုက် စာဖြေဌာနတို့တွင် ဖြေဆိုလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက စာမေးပွဲကြီးကြပ် ဆရာတော်များအား ဖူးမျှော်ကြည်ညိုပြီး ဩဝါဒခံယူကာ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုစစ်ဆေးအားပေးသည်။
မုဒုံမြို့နယ်အားကစားကွင်းရှိ ဖူဆယ်အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
Dec 25,2021
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့နယ်အားကစားကွင်းဝင်း၌ တည်ဆောက်လျက်ရှိသော ဖူဆယ်အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်
ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Dec 25,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ခရီးသွားဧည့်သည် လာရောက်မှုများဖြင့် စည်ကား
Dec 25,2021
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြား စွာ လာရောက်လျက်ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးက ပြောကြား သည်။
သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်ဆရာတော်၏ သက်တော်(၅၀)ပြည့် ဝိဇာတမဂ်လာနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်းသည့် မဏိကေသဓမ္မာရုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Dec 25,2021
သံတွဲမြို့သိမ်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၏ ယနေ့တွင် ကျရောက်သည့် သက်တော် (၅၀) ပြည့် ဝိဇာတမဂ်လာနှင့် ဗျာဒိတ်တော်ရ ရွှေဆံတော်ရင်ပြင်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်းသည့် မဏိကေသဓမ္မာရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ နံနက် ၉ နာရီက အဆိုပါဓမ္မာရုံတော်၌ ကျင်းပပြုလုပ်သည်။