ညောင်တုန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားသရုပ်ပြသပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားသရုပ်ပြသပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ ၂၅ရက်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ် ၊လူရွယ်များ အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားသရုပ်ပြပွဲကိုကျင်းပခဲ့ပြီး ရုံးတွင်းနံရံကပ်ဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်