သတင်းများ

ကျောက်ဆည်မြို့တွင် ဆီထွက်သီးနှံ ဧကပေါင်း(၅၂၀၂)ဧက စိုက်ပျိုးပြီးဖြစ်
Dec 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊နှမ်းနှင့်နေကြာ သီးနှံများကို ဧကပေါင်း(၁၁၅၈၅)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယခုအခါ ဧကပေါင်း (၅၂၀၂)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြသ
Dec 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက လွတ်လပ်ရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြသခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 26,2021
ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်စာစောင်းများကို ပြသဆောင်ရွက်ထားရှိသည်။
ပန်းတနော်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်စည်ပင်သာယာ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြင်စလူမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ   ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့ တွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်းသံဃာတော်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ယနေ့  နံနက် (၁၀)နာရီ အချိန်မှ စတင်၍   ဒုတိယအကြိမ်၊ ဒုတိယနေ့၌ ဆေးထိုးစုရပ်ဖြစ်သည့်  ပြင်စလူမြို့ ၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမတွင်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကျင်းပ
Dec 26,2021
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)က ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာအုပ်​​ပြပွဲနှင့်​ လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေး နံရံကပ်စာစောင်မျာ းပြသ
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ယမန်နေ့ နေ့လည်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။ 
ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 26,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)ကျောင်း၌ ကျောင်းပြန်လည်ဖွံ့လှစ်နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊နှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်) ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။