သတင်းများ

သထုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၅၄ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Dec 26,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၅၄ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကာ စတုတ္ထသုတ်(ဒုတိယအကြိမ်)နှင့် ပဉ္စမသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ် အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Dec 26,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မောင်တောခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community-Centre ခန်းမ၌ အားကစားသရုပ်ပြပွဲနှင့် အသိပညာပေး Talk Show ဆောင်ရွက်
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community-Centre)ခန်းမတွင် အားကစားသရုပ်ပြပွဲနှင့် အားကစားဆိုင်ရာ အသိပညာပေးTalk Showကို မအူပင်ခရိုင်မအူပင်မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး
Dec 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းမြင့်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကျွဲပွဲ​မြို့ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၅)ရှိဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲကပင်တောင်နှင့်ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကြည့်ရှုစစ်ဆေး
Dec 26,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွှေကျင်မြို့နယ် Community Center ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Dec 26,2021
 ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမတွင် စာရေးဆရာအောင်သင်း ရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ဖြင့် ယနေ့ မွန်းလွဲ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယနေ့ နံနက် (၉)နာရီအချိန်က သဲဖြူ(ယုံသလင်း)အုပ်စု သဲဖြူ ကျေးရွာ ၌ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre )တွင် ( ၇၄)နှစ်မြေှာက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။