မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်
Dec 27,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့နယ်အတွင်းရှိ မီးလောင်ကုန်းကျေးရွာနှင့် ဘန့်ပြင်ကျေးရွာများတွင် ကျေးရွာနေဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။