စဉ့်ကိုင် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre )တွင် ( ၇၄)နှစ်မြေှာက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် စဉ့်ကိုင်(အ.ထ.က)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ကြကာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦစီးအရာရှိ၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းနှင့် တာဝန်ရှိ သူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အောင်ပိုင်ပိုင်ကျော်