ဟင်္သာတ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယနေ့ နံနက် (၉)နာရီအချိန်က သဲဖြူ(ယုံသလင်း)အုပ်စု သဲဖြူ ကျေးရွာ ၌ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးစိုးမြင့်အောင်နှင့်ဝန်ထမ်းများကသဲဖြူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခြင်း ဖြစ်ကာ မြို့နယ် ဦးစီးအရာရှိက ပန်းခင်းစီမံချက်ဆောင်ရွက်သည့်ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့်အထောက်အထားများ၊ ကတ်ပြားပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး၊စနစ်တကျကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍ ကျေးရွာနေ ပြည်သူ (၂၀၅)ဦး တို့အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာဆောင်ရွက်ပေး လျက်ရှိရာ မိမိတို့ မွေးဖွားရာ ဇာတိတွင်အမြဲနေထိုင်ကာအိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ် မရှိသူများ၊လက်ရှိ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့်ရွေ့ပြောင်း နေသူများအနေဖြင့်မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဦးမျိုးဝင်းအောင်ထံမှသိရှိရသည်။
ကိုဇော်