မအူပင် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community-Centre)ခန်းမတွင် အားကစားသရုပ်ပြပွဲနှင့် အားကစားဆိုင်ရာ အသိပညာပေးTalk Showကို မအူပင်ခရိုင်မအူပင်မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က ပြည်သူများ ကျန်းမာကြံခိုင်စေရန် မအူပင်မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပူးပေါင်းကာ အားကစားသရုပ်ပြပွဲနှင့် အားကစား ဆိုင်ရာ အသိပညာပေး Talk –Show ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မအူပင်မြို့နယ်အားကစားမှူး ဒေါ်ဇင်မာခိုင်က ကျန်းမာကြံ့ခိုင်ပြီး ကျောင်းနေအရွယ်လူငယ်၊ လူရွယ်များ အားကစားကို စိတ်ဝင်စား လာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် နှင့်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြား ပြီး Fitness Dance အားကစားသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ခိုင်