အုတ်တွင်းမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

အုတ်တွင်း   ဒီဇင်ဘာ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းမြင့်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကျွဲပွဲ​မြို့ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၅)ရှိဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ ကျွဲပွဲ မြို့ ရပ်ကွက်( ၃ )နှင့်ရပ်ကွက်( ၅ )မှ မိသားစုဝင်များအား အိမ်ထောင်စု လူဦးရေစာရင်း​နှင့်အသက် (၁၈) နှစ်ပြည့် ပြီး သူများ အားနိုင်ငံသားစိ စစ် ရေးကတ်ပြားများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ (၄၉)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်း ဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်​ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက် ကာလသတ်မှတ်ချက် မှာ၂၀၂၁ ခုနှစ် ၊မေလ၃ရက် နေ့မှ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၃ ရက် နေ့ထိ ဆောင် ရွက် ပေးမှာဖြစ်ပြီး၊ အုတ်တွင်း  မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရမည့်လူဦး ရေလျာထားချက်မှာ(၅၆၉၁)ဦးရှိပါကြောင်း၊ ကျန်ရှိသော ရပ်ကွက် /ကျေးရွာများမှ အသက်(၁၈)နှစ်ပြည့် ပြီးသူများကိုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)