ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Dec 27,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစည်းခုံရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ရွှေစည်းခုံရပ်ကွက်ကြီးအတွင်း လှည့်လည်အသိပေးနှိုးဆော်ကြောင်း သိရသည်။