ဒဂုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ အဖွဲ့များနှင့် စာဖတ်ဝိုင်းကျင်းပ

ဒဂုံ ဒီဇင်ဘာ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိူးသူများ အဖွဲ့နှင့် စာဖတ်ဝိုင်းကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဒဂုံမြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး)၊ ဒေါ်မိုးမိုးခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေကိုချစ်မြတ်နိုးသည့် စိတ်​​ဓာတ်များ ဖြစ်ပေါ်လာစေရန်နှင့် စာပေကိုဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အတွေးအခေါ်ကောင်းများ ရရှိစေရန်​၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

စာပေချစ်မြတ်နိုးသူများနှင့်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် ဒီဇင်ဘာ ၁ ရက်နေ့ ဒို့ကျေးရွာဂျာနယ် စာစောင်တွင်ပါရှိသည့် စာရေးဆရာမ မှုံနံ့သာချစ် ရေးသားသည့် ‘’မသန်ပေမဲ့ စွမ်းသူများဆောင်းပါး’’ ကို ဖတ်ရှုပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဒဂုံ(ပြန်/ဆက်)