ရန်ကုန်တိုင်းဒေသကြီး သက်ကြီးသတင်းစာ ဆရာကြီးများအား ပထမအကြိမ် ပူ​​ဇော်ကန်တာ့ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)က ကြီးမှူးကျင်းပ​သော ပထမအကြိမ် သက်ကြီးသတင်းစာ ဆရာကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယ​မန်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ် သွေးဆေးကန်အနီးရှိ ကြီးငါးကြီး ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဗဟိုအလုပ်အမှု​ဆောင်​ ဒေါက်တာ​ဇော်သန်းနှင့် မြန်မာနိုင်ငံသတင်း မီဒီယာ​ကောင်စီ တွဲဖက်အတွင်း​ရေးမှူး ဦးသက်နိုင်ဦးတို့က ဝမ်း​မြောက်စကား​ပြောကြားပြီး၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (ရန်ကုန်တိုင်း​ဒေသကြီး) ဥက္ကဋ္ဌ ဦးခင်​မောင်မြင့်က ဂုဏ်ပြုစကား ​ပြောကြားသည်။

ထို့နောက် သက်ကြီးကန်​တော့ခံ သတင်းစာဆရာကြီးများကို ကန်​တော့​ငွေဖြင့် ပူ​ဇော် ကန်တော့ကြသည်။ ဆက်လက်၍ သက်ကြီးကန်​တော့ခံ သတင်းစာဆရာကြီးများကိုယ်စား ရန်ကုန်တိုင်း​ဒေသကြီး သတင်းစာဆရာအသင်း ဂုဏ်ထူး​ဆောင်နာယက ဆရာ​မောင်ယဉ်ကျော်က သြဝါဒါစကား​ ပြောကြားခဲ့​ကြောင်း သိရသည်။

အဆိုပါ သက်ကြီး သတင်းစာဆရာကြီးများ ဂါရဝပြု ကန်တော့ပွဲတွင် ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ် (၂၄) မြို့နယ်မှ သက်ကြီးဝါကြီး အသက်(၇၅) နှစ်အထက် သတင်းစာဆရာကြီး ၆၂ ဦးကို ဂါရပြု ကန်တော့ခဲ့ကြ​ကြောင်း သိရှိရသည်။

အောင်မြင့်