သတင်းများ

ကြည့်မြင်တိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဖိတ်ခေါ်ဆောင်ရွက်မှုပြုလုပ်
Dec 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် နံနက် ၁၀ နာရီ မှ ၁ နာရီအချိန်အထိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော် ဦးစီးပြီး ပန်းခင်းစီမံချက်ဖြင့် အလတ်ချောင်း ရပ်ကွက်နေ ပြည်သူများအား သာဓုအနောက်ရပ်ကွက်၊ ပြည်လုံးချမ်းသာကျောင်းတိုက်၊ ပညာရောင်ခြည်ခန်းမသို့ ဖိတ်ခေါ်၍ အိမ်ထောင်စု လူဦးရေစာရင်း (၅)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်သူ (၆)ဦး၊ မိတ္တူ (၈)ဦး၊ စုစုပေါင်း (၄၇) ခု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရ သည်။
အင်တောမြို့တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစား ပြိုင်ပွဲကျင်းပ
Dec 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊  အင်တောမြို့အခြေခံအထက်တန်းကျောင်းတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး မြစ်ရေတင်စီမံကိန်း ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်
Dec 31,2021
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၁၀ နာရီက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိရာ ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက် မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦးက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် မိုးကောင်းသောက် လယ်မြေဧက(၂၀၀)အား တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများနှင့် အသက်၁၈နှစ်အထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးရန်ကျန်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ကျောင်းသူများနှင့် အသက်၁၈နှစ်အထက် ပြည်သူများအား  ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းပေးကို ယမန်နေ့နံနက်၉နာရီမှ စတင်ကာထိုးနှံပေးလျက်ရှိသည်။
သံတွဲမြို့တွင် ခရမ်းမော်ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်ပွဲကျင်းပ
Dec 31,2021
သံတွဲမြို့နယ်၊ ကင်းမော်ကျေးလက်ကျန်းမာရေးဌာန၊ ခရမ်းမော်ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​ဇော်လင်းထွန်း ရှမ်းစု-ဒလပန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖွင့်ပွဲသို့ တက်ရောက်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သထုံတွင်တွေ့ဆုံ
Dec 31,2021
မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ​ကောင်းမွန်​စေ​ရေး အထူးအ​လေး​ပေး​ဆောင်ရွက် လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်း က သထုံမြို့နယ်၊ ရှမ်းစု‌ကျေးရွာနှင့် ဒလပန်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲ အအခမ်း အနားသို့ တက်ရောက်ဖွင့်လှစ်အားပေးခဲ့သည်။
ရုပ်ရှင်​လောကသားများအတွက် အ​ခြေခံစား​သောက်ကုန်များ​ ပေးအပ်လှူဒါန်းပွဲကျင်းပ
Dec 31,2021
ပြန်ကြား​ရေးဝန်ကြီးဌာန၏ စီစဉ်​ပေးမှုဖြင့် သမဝါယမနှင့်​ ကျေးလက်ဖွံ့ဖြိုးတိုးတက်​ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း​ဒေသကြီး စီးပွား​ရေးဝန်ကြီး ဦးအောင်သန်းဦး မိသားစုတို့က လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အလွှာ(၁၀)လွှာ ဖြစ်သော အုပ်ချုပ်/ဖြန့်ချီအလွှာ၊ ဗီဒီယိုအခြေခံအလွှာ၊ ဇာတ်လမ်းဇာတ်ညွှန်းအလွှာ၊ အဓိက သရုပ်ဆောင်အလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာ၊ ဒါရိုက်တာ အလွှာ၊ ထုတ်လုပ်သူများအလွှာ၊ ဇာတ်ပို့ဇာတ်ရန်အလွှာနှင့် စက်မှုအလွှာတို့မှ အစည်းအရုံး ဝင်များကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်​ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ပေးအပ်လှူဒါန်းကြသည်။
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင် (မွန်ပြည်နယ်)မှ စံညီစာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်းပေး
Dec 31,2021
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင် (မွန်ပြည်နယ်)မှ  မော်လမြိုင်ခရိုင် အတွင်းရှိ မြို့နယ်၊ မြို့များ၏ စံညီစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Center) တွင်  ကျင်းပခဲ့ကြောင်း သိရသည်။