သတင်းများ

ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Dec 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မှူးရုံးမှ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 31,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စာအုပ်ပါအကြောင်းအရာများအား ချပြရှင်းလင်းဆွေးနွေး
Dec 31,2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်စာအုပ်အား ချပြ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၀ရက်၊ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းနောင် အထကကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း အားကစား ပြိုင်ပွဲများပြုလုပ်ကျင်းပ
Dec 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စတင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရသည်။
လဲချားတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Dec 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့သည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask)များ (အခမဲ့)ဖြန့်ဝေ
Dec 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ အမှတ်(၃)ဈေးရပ်ကွက်၌ ယမန်နေ့ နံနက်(၈)နာရီ အချိန်က လမ်းသွား လမ်းလာ ပြည်သူများနှင့် အမ္ဗနဒီဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show ထုတ်လွှင့် တင်ဆက်ပေး
Dec 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show အစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန ကြည့်မြင်တိုင်မြို့နယ်ရုံးတွင် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရ သည်။
ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre၌ အိမ်တွင်းလက်မှုပညာ သင်တန်းကျင်းပ
Dec 31,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်က ကြီးမှူးကျင်းပသော အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးလူငယ်၊လူရွယ်များ အိမ်တွင်းမှုအတတ်ပညာများ ကျွမ်းကျင်စွာ တတ်မြောက်ပြီး မိမိတို့ကိုယ်တိုင်အိမ်တွင်းမှုလုပ်ငန်းများကို တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်အတွက် ယမန်နေ့နံနက် ၁၀နာရီတွင် လူထုအခြေပြုဗဟီုဌာန(ဗဟန်း) Community Centre ၌ပန်းကြယ်သီးထိုးနည်းသင်တန်းကို ကျင်းပရာ မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူအမျိုးသမီးငယ်များ တက်​ရောက်သင်ကြားလျက်ရှိသည်။