နွားထိုးကြီး ဇန်နဝါရီ ၂
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အောင်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်တွင် ပညာရေးဌာနမှ ဦးအောင်ချစ်ဦးက လွတ်လပ်ရေးအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ် အကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်