ကျောက်ဆည် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် (၂၀၂၁-၂၀၂၂) ခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၂၇၉၉) ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မိုးစပါးစိုက်ဧကအားလုံး ရိတ်သိမ်းပြီး ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော် စပါးမျိုးများ အဓိက စိုက်ပျိုးထားပြီး ဧရာမင်း စပါး (၄၂၁၅၈)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး စပါးတင်းပေါင်း(၃၈၅၀၄၈၅)တင်း၊ မနောသုခစပါး (၇၅၄၁)ဧက ရိတ်သိမ်း နိုင်ခဲ့ပြီး စပါးတင်းပေါင်း(၇၆၄၂၂၉)ဧကနှင့် ရွှေမနော်စပါး(၃၁၀၀)ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး စပါးတင်းပေါင်း (၃၂၄၉၄၈)တင်း ထွက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ မိုးစပါး စိုက်ပျိုးရာတွင် ဧရာမင်း၊ မနောသုခနှင့် ရွှေမနော် စပါးမျိုးများ စိုက်ပျိုးထားကြောင်းနှင့် တိုက်နယ်(၁)တွင်(၂၂၄၀)ဧက၊ တိုက်နယ်(၁)တွင် (၂၂၄၀) ဧက၊ တိုက်နယ် (၂) တွင် (၅၇၉၂)ဧက၊ တိုက်နယ်(၃)တွင်(၅၃၄၃)ဧက၊ တိုက်နယ်(၄)တွင်(၄၂၀၆)ဧက၊ တိုက်နယ် (၅) တွင် (၅၉၇၀)ဧက၊ တိုက်နယ် (၆)တွင် (၃၉၁၄)ဧက၊ တိုက်နယ်(၇)တွင်(၂၃၂)ဧက၊ တိုက်နယ်(၈)တွင်(၅၉၈၄)ဧက၊ တိုက်နယ်(၉)တွင် (၄၂၃၃) ဧက၊ တိုက်နယ်(၁၀)တွင် (၅၀၁၂)ဧက၊ တိုက်နယ်(၁၁)တွင် (၄၆၈၈)ဧက၊ တိုက်နယ် (၁၂)တွင် (၅၁၈၅)ဧက၊ စိုက်ပျိုးနိုင်ခဲ့ပြီး စပါးတင်းပေါင်း(၄၉၃၉၆၆၂)တင်း ထွက်ရှိကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)