(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစာပြိုင်ပွဲများ ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကာစားပြိုင်ပွဲများ ကျင်းပ ပြလုပ်ရခြင်း ရည်ရွယ်ချက်အနေဖြင့် မြို့နယ်အတွင်း မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေးနှင့် မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပျော်ပွဲရွှင်ပွဲများ ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာဝန်ခံ ဒေါ်ဖြိုးစန္ဒာဝင်းထံမှ သိရသည်။ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အားကစားပြိုင်ပွဲများတွင် ဘော်လီဘော (အလွတ်တန်း) (၆) သင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် (အလွတ်တန်း) (၈)သင်း၊ ပြေးခုန်ပစ်မီတာ (၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)ပြိုင်ပွဲများ၊ ကြက်တောင် ပြိုင်ပွဲတွင်ကျားမ (တစ်ဦးချင်း)၊ ကျားမ (၂) ဦးချင်း ပြိုင်ပွဲများပါဝင်ကြောင်း သိရသည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစာပြိုင်ပွဲများ ကို မြို့နယ် အားကာစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်များနှင့် အထက်တန်း၊ အလယ်တန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိကာ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)