မိုင်းခုတ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန် တွင် နိုင်ငံတော်က အားထားရမည့် လူချွန်၊ လူကောင်း များဖြစ်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း