တနင်္သာရီ ဇန်နဝါရီလ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ ၂၀၂၂ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် ကျောင်းသူ/သားများအား ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲများကို ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ရင်းနှီးခင်မင်မှုပိုမိုရရှိစေရန်နှင့် အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ယမန်နေ့မှစ၍ မြို့မအားကစားကွင်းအတွင်း ပျော်ရွှင်စွာကျင်းပပေးလျက်ရှိရာ ယနေ့နံနက်၈ နာရီအချိန်က အမျိုးသားလွန်ဆွဲပွဲ၊ အမျိုးသမီးထုပ်ဆီးထိုးပြိုင်ပွဲများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့က ကျောင်းသား/သူများအား မီတာ(၁၀၀)၊ မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ အလျားခုန်၊ သုံးဆင့်ခုန်၊ အမြင့်ခုန်ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲ စသည့်ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများအား စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများအား ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးကော်မတီတို့က လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ခြင်းအခမ်းအနားအပြီးတွင် ဆုများထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိန်ဝင်း(ပြန်ဆက်)