ငရုတ်ကောင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ငရုတ်ကောင်း ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လည်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ငရုတ်ကောင်း (အထက)မှ ကျောင်းသူ၊ ကျောင်းသားလေးများမှ ကဗျာရွက်ဆိုခြင်း၊ ပုံပြောခြင်းနှင့် တေးသရုပ်ဖော် တင်ဆက်ခြင်းတို့ အသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများအသီးသီးရရှိကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား မြို့အုပ်ချုပ်ရေးမှူး ဦးဇင်မြတ်မင်းထွဋ်၊ စခန်းမှူးရဲအုပ်ဦးရဲမြင့်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မီးသတ်ဦးစီးမှူးဦးသူရအောင်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း