ရွှေကျင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရွှေကျင် ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြည်သူများ နေ့ထူးနေ့မြတ်အကြောင်းများ သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်မြို့အဝင်မင်္ဂလာမုခ်ဦး၊ အခြေခံပညာကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်‌ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေးကို ကာကွယ်ရ မည်၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ တို့များဆင်ပန်း လွတ်လပ်ပန်း (ကဗျာ)နှင့် ပြည်သူတွေရဲ့ အင်အားသည်သာအဓိက အစရှိသည့် လွတ်လပ်ရေး‌နေ့နှင့် ပတ်သက်သော အကြောင်းအရာများအား ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)