လောင်းလုံး ဇန်နဝါရီ ၄
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ထိုက်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သိန်းသိန်း(လောင်းလုံး)