ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ပန်းတောင်း ဇန်နဝါရီ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄)နှစ် မြောက် အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဇန်နဝါရီ(၄)ရက်နေ့ နံနက်(၆:၃၀)နာရီက လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားတက်ရောက်လာသူ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က တာဝန်ခံထုတ်ဝေခြင်းဖြစ်ကြောင်းသိရပြီး၊ လက်ကမ်း စာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀-၁-၁၉၄၆ ရက်နေ့၊ အလယ်ပစ္စယံ ညီလာခံ၌ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ရေးဦးတည်ချက်(၄)ရပ်၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်နှင့် ကာတွန်း၊ ကဗျာများ စုံလင်စွာထည့်သွင်းဖော်ပြထားရာ၊ ပြည်သူများ/ ကျောင်းသားကျောင်းသူများအတွက် လေ့လာမှတ်သားသင့်သည့် သမိုင်းအထောက်အထားများပါဝင်သော လက်ကမ်းစာ စောင်ငယ်ဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)