သာစည်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲ ကျင်းပ

သာစည် ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အလံတင်အခမ်းအနားသို့ တက်ရောက်လာသူများနှင့်ဂုဏ်ပြုတပ်ဖွဲ့တို့က နေရာယူကြပြီး နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံကို လွှင့်တင်အလေးပြုကြသည်။

ဆက်လက်ပြီးနံနက် ၇ နာရီတွင်သဝဏ်လွှာဖတ်ပွဲကို မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ဖတ်ကြားသည်။ ဆက်လက်ပြီး အထက(၂) ကျောင်းသူလေးများက ဗိုလ်ရှုသဘင်သီချင်းဖြင့် ကပြဖျော်ဖြေပြီး (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သော အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက် ပြိုင်ပွဲ အသီးသီးတို့၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆုများပေးအပ်ချီးမြင့်သည်။

၎င်းနောက် အထက(၁)ကျောင်းသူလေးများက စည်းလုံးခြင်းအတွက်သီချင်း တစ်ပုဒ်ဖြင့် ကပြဖျော်ဖြေ ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ဆုရရှိသော အားကစားသမားများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်