ရမည်းသင်း ဇန်နဝါရီ ၄
မန္တတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီကအမျိုးသား ဘောလီဘော် ဗိုလ်လုပွဲနှင့်မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
အမျိုးသားဘောလီဘော်ပြိုင်ပွဲ ဗိုလ်လုပွဲကို အောင်မင်္ဂလာရပ်ကွက်ရှိ ခရိုင်မီးသတ်ဝန်း၌ ကျင်းပရာ အောင်မင်္ဂလာရပ်ကွက်အသင်းက စီဗွီလိုင်းရပ်ကွက်အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့်အသင်းများအား ဆုအသီးသီးချီးမြှင့်ကာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက ပထမရရှိသည့် အောင်မင်္ဂလာရပ်ကွက်အသင်းအား ဂုဏ်ပြုဆုငွေနှင့် ဒိုင်ဆုကို ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ဝါတိုးရပ်ကွက်ရှိ လူမှုထူးချွန်စာကြည့်တိုက်ရှေ့၌ ကျင်းပသည့် မြန်မာ့ရိုးရာခြင်းခတ် ပြိုင်ပွဲဆု ရရှိသည့်အသင်းများအား ဆုများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများသီးသီးပေးအပ်ချီးမြှင့်ပြီး (နေပြည်တော် ပျဉ်းမနား)မှ အားမာန်ခတ်တဲ့ သန်းတစ်ရာ ခြင်းအဖွဲ့မှ မြန်မာ့ရိုးရာခြင်းအလှခတ်သရုပ်ပြခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)