မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ်အထက် ပြည်သူ (၁၈၆)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မိုင်းငေါ့ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်  Sinopharm  အမျိုးအစားကာကွယ်ဆေး လာရောက် ထိုးနှံသူ  ကျား (၉၆)ဦး ၊ မ (၉၀)ဦး စုစုပေါင်း (၁၈၆) ဦးတို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က မိုင်းငေါ့မြို့ ဈေးရပ်ကွက် ဘုန်းကြီး‌ကျောင်း အတုလဇေယျဆောင် ဓမ္မာရုံတွင် ထိုးနှံပေးခဲ့ပါသည်။ 

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊ သွေးပေါင်ချိန်ခြင်း စသည့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုး ပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက် အရ သိရပါသည်။

မြင့်သွယ်