ရွှေဘို ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊မြို့တော်ခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ပြုလုပ်ခဲ့သည်။
ထို့နောက် နံနက်၇နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဦးက ဖတ်ကြားခဲ့သည်။ ယင်းနောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုမျာပေးအပ်ခဲ့ကြသည်။
သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေဘိုခရိုင် ပြန်/ဆက်