နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ ဇန်နဝါရီ ၅

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အများပြည်သူ အသိပညာပေး (Talk Show) ကို  ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ရုပ်/သံ-၃ ဒေါ်နီလာဝင်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား ရှင်းလင်း ပြောကြားပြီး၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချစ်ချစ်ပိုင်က လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းနှင့် လွတ်လပ်ရေး သစ္စာအဓိဌာန် (၉)ချက်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အများပြည်သူတို့သိသင့် သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ရိုက်ကူးထုတ်လွှင့်ပြသ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရှိရပါသည်။

လူမော် (ပြန်/ဆက်)