ကျွန်းစုမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီး မြှင့်ခြင်း အခမ်းအနားကျင်းပ

ကျွန်းစု ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲအား ယမန်နေ့မွန်းလွဲပိုင်းက မြို့မအားကစား ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။

အားကစားပွဲများ ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သော ကျင်းပရေး ဆပ်ကော်မတီများ၏ ကြီးကြပ်မှုများဖြင့် ထုပ်ဆီးထိုးပြိုင်ပွဲ ဗိုလ်လုပွဲ တွင် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၁)ရပ်ကွက်မှ လည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲတွင် Wai Sports အသင်းနှင့် မြို့မလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Wai Sports အသင်းက လည်းကောင်း၊ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့် အမှတ်(၁) ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်(၁)ရပ်ကွက်အသင်းမှ (၂ဂိုး - ၁ဂိုး)ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

ထိုနောက် မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဆုချီးမြှင်းခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲ အသီးသီး၏ ပထမရရှိသည့် အသင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက တံခွန်စိုက်ဒိုင်း ဆုများ ပေးအပ်ခဲ့ပြီး ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများနှင့် တစ်ဦးချင်း အကောင်းဆုံးဆုများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

CTRA(Kyunsu)