သီပေါ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၄ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့် ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာလျော့နည်းလာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇန်နဝါရီလ ၄ ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positiveလူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ (၁)ဦးအား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း (၁၇၄၈)ဦး ရှိပြီး၊ သေဆုံးသူ(၁၀၁)ဦးဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၁)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(ပြန်/ဆက်)