လမိုင်းမြို့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်ပုံပြောပြခြင်းနှင့်ကဗျာရွတ်ဆိုခြင်းကျင်းပ
Jan 06,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေး ငယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာ စေရန်၊ ကိုယ်ပိုင် တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကလေး စာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ ၁၂နာရီခွဲက ပုံပြင်ပြောပြခြင်းနှင့် ကဗျာရွတ် ဆိုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။