သတင်းများ

ကျောက်ဆည်မြို့တွင် အိမ်ထောင်စု(၈၆၈)စုအကျိုးပြုမည့် ကြက်မင်းတွန်ရပ်ကွက်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အိမ်ထောင်စု(၈၆၈)စု အကျိုးပြုမည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးဘေး ကြက်မင်းတွန်ရပ်ကွက်လမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မိုးမောက်မြို့တွင် စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းဆောင်ရွက်
Jan 06,2022
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် လူငယ်လူရွယ်များအား အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ စာရေးဆရာ ခင်စောတင့် ရေးသားသော "ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်" စာအုပ်ဖြင့် ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မီးငြှိမ်းသတ်ယာဉ်များ စွမ်းရည်သရုပ်ပြသမှု ကြည့်ရှုစစ်ဆေး
Jan 06,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီကမော်လမြိုင်မြို့ စစ်ကဲကုန်းရပ်၊ မောရဝတီ ပန်းခြံရှေ့၌ မွန်ပြည်နယ်မီးသတ် ဦးစီးဌာနမှ အသစ်ရောက်ရှိလာသော မီးငြှိမ်းသတ်ယာဉ် (၇)စီးအား ကြည့်ရှုစစ်ဆေးသည်၊၊
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ (က) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် သစ်ပင်များ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယူနစ်ပျောက်ဆုံးမှု လျော့နည်း ကျဆင်း​ရေးနှင့် Analog အိမ်သုံးမီတာများမှ Digitalမီတာများသို့ ပြောင်းလဲ တပ်ဆင်နိုင်ရေးအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ယမန်နေ့ နံနက်ပိုင်းက သစ်ပင်၊သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ကျိုက်ဒုံမြို့၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် မြို့ရိုးတောင်ဝင်လုံးချောင်း သံကူကွန်ကရစ်တံတားတည်ဆောက်ရာ၌ (၆၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး
Jan 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မြို့ရိုးတောင် ဝင်းလုံချောင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ရာ၌ လယ်တောကြီးကျောင်းဆရာတော်၊ ရွာလုံးတောင် ကျောင်းဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာ ကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လဝကမှူး ဒေါ်ဆူဇီ ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်ရှိ ပြည်သူများအား ရပ်ကွက်ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင်းမူ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ
Jan 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ရေပြင်အသက်ကယ်ရှာဖွေခြင်း၊ မီးလောင်မှုများ ငြိမ်းသတ်ခြင်းအပါအဝင် အထပ်မြင့် အဆောက်အဦများတွင် မီးလောင်မှုဖြစ်စဉ်များနှင့် ငလျင်လှုပ်ခတ်ခြင်းကြောင့် ပိတ်မိနေသော ပြည်သူများ၏ အသက်ကို ခေတ်မီနည်းပညာသုံးပ စ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။