သတင်းများ

ပုဗ္ဗသီရိသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲကျင်းပ
Jan 06,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်၊ ပုဗ္ဗသီရိသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ပုဗ္ဗသီရိသီရိမြို့နယ် ဦးစီးမှူးရုံး၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်းကျော် ထိုးနှံပြီးပြီဖြစ်
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ခြင်းကြောင့် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ၅၀ ရာခိုင်နှုန်းကျော်ပြီဖြစ်ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ ဆန်ကော၊ ဆန်ကာ ယက်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ခု (၆)လ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ ဆန်ကော၊ ဆန်ကာ ယက်လုပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ချက်ကျေးရွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သက်သာသောနှုန်းထားဖြင့်ဓာတ် မြေသြဇာများရောင်းချပေး
Jan 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် လူထုအခြေပြု လေ့လာမှု့စခန်း၌ ဇန်နဝါရီ ၆ ရက်နေ့နံနက် ၁၀ နာရီတွင် ဆောင်းသီးနှံနေကြာနှင့် နွေစပါးစိုက် ဒေသခံတောင်သူများအတွက် ယူရီးယားဓါတ် မြေသြဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်၌ မကူးစက်တတ်သော ရောဂါများအား စစ်​ဆေးဆောင်ရွက်ပေးလျက်ရှိ
Jan 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁နာရီခန့်က မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်
ရေးမြို့နယ် အာယုကရုဏာဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Jan 06,2022
မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ်သာသနာပြုဌာန ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ ဦးဆောင်မှုဖြင့် ဆောက်လုပ်နေသည့် အာယုကရုဏာဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က တူးမြောင်းကျေးရွာအနီး ရေး-မော်လမြိုင် လမ်းမကြီး၊ လေယာဉ်ကွင်းဟောင်းရှေ့ အဆိုပါ ဆောက်လုပ်မည့်မြေနေရာ၌ ဆောင်ရွက်ခဲ့သည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Jan 06,2022
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန်ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ တောင်းပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစကားသမားများအား တွေ့ဆုံအားပေး
Jan 06,2022
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးဘောလုံးအားကစ ကားသမားများအား တွေ့ဆုံအားပေးပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။