သတင်းများ

တံတားဦးမြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်(Second Dose )တွင်(၅၈၁၀)ဦးထိုးနှံပြီးစီး
Jan 06,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ စတုတ္ထအသုတ် (Second Dose )၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည် ။
လမိုင်းမြို့ ပြည့်သူစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Jan 06,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံး ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 06,2022
 ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ အုတ်စီရေမြောင်းပြု လုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက်ပြီးစီး‌နေပြီ ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်(၅)ခုမှ နေ့စဉ်ထွက် အမှိုက်တန်ချိန် (၅.၅)တန်ခန့်ကို သယ်ယူစွန့်ပစ်ပေးလျက်ရှိ
Jan 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ် ရပ်ကွက်(၅)ခုမှ နေ့စဉ်ထွက်ရှိသော အမှိုက်များကို အမှိုက်သိမ်းယာဉ်များဖြင့် သယ်ယူစွန့်ပစ် ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ၄နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဥတ္တရခရိုင်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 06,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို  ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ၍ ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ထားဝယ်မြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်
Jan 06,2022
ထားဝယ်မြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှု သိသိသာသာလျော့နည်းလာ
Jan 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင်  ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၂•၅ ရာခိုင်နှုန်း ထိကျဆင်းလာကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှသိရသည်။