တန့်ယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တန့်ယန်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့ထိ အမှတ်(၇) ရပ်ကွက်နှင့် ပါစန် ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့်ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အမှတ်(၇) ရပ်ကွက်၊ ပါစန်ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်း၍ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးနေရာ အခက်အခဲမရှိစေရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အိမ်ထောင်စုလူဦးရေးစာရင်း(၁၅၄)ခုအား ပြုလုပ်ပေးနိုင်ခဲ့ပြီး နိုင်-၃(က) ပြုလုပ်သူ(၉၆)ခုနှင့် နိုင်-၆(က) ပြုလုပ်သူ(၄၀၄)ခု စုစုပေါင်း (၅၀၀)ခုအား ပြုလုပ် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။                                                                        

မင်းလွင်ဦး(ပြန်/ဆက်)