ဆင်ပေါင်ဝဲ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံး ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဆင်ပေါင်ဝဲ မြို့နယ်ရုံးမှ ဒုတိယ ဦးစီးမှူး ဒေါ်ချိုချိုဝင်းက ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်အတွက် စည်းလုံးခြင်းသည် အင်အားဆိုသည့် ပုံပြင်အား ပြောပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများမေးကာ အပြန်အလှန် ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးအနေဖြင့် ပြည်သူဆီသို့ ရှေးရှုသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)