ညောင်‌လေးပင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ညောင်လေးပင် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ထို့သို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ် ထားသော လမ်းညွှန်ချက်များအားလိုက်နာရန်၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်၊ အိမ်ပြင်ပသို့ ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask) ကိုစနစ်တကျတပ်ဆင်ရန်၊ တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေကွာ၍ နေထိုင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ စသည့် အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးလိုက်လံနှိုးဆော် ခဲ့ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်