လဲချားမြို့နယ် အမှတ်(၆၄) ခြေလျင်တပ်ရင်းတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လဲချား ဇန်နဝါရီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့ အမှတ်(၆၄) ခြေလျင်တပ်ရင်းရှိ မိသားစုများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက  ယနေ့ နံနက်( ၉) နာရီက  ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် အမှတ်(၆၄) ခြေလျင်တပ်ရင်းအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ  ကျား(၁၈)ဦး၊ မ (၇)ဦး၊ စုစုပေါင်း (၂၅)ဦး နှင့်အိမ်ထောင်စု၊ လူဦးရေစာရင်း (၂၃)စုတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်စိစစ်ရေးကတ် ပြုလုပ်ပေးခြင်းကို ကျေးရွာအုပ်စုများအလိုက်အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

လွှမ်းသူနောင် (လဲချား)