ရေဖြူမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် စစ်တုရင်ပြိုင်ပွဲကျင်းပ

ရေဖြူ ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို အထကရေဖြူ ကလေးငယ်များ (၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က ပေးအပ်ချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးငယ် များ ဉာဏ်ရည်ထက်မြက်စေရန်၊ အားလပ်ချိန်တွင် စာကြည့်တိုက် လာရောက်တတ်စေရန်၊ ကစားရင်းစာဖတ် ဝါသနာပါလာစေရန်နှင့် စာအုပ်စာပေ/ စာကြည့်တိုက်နှင့် ရင်းနှီးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ခတ္တာ