လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့် အောက် ကလေးသူငယ် များအား အာဟာရထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က စတင်၍ ဆောင်ရွက် ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကိုကိုတို့ ဦးဆောင်သော အင်အား(၅၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုနောက် ဆန်ဖြန့်ဖြူးရေး အခြေစိုက် နေရာများဖြစ်သော ဘရဏီလမ်းရှိ သစ္စာသိဒ္ဓိရှင်ဓမ္မာရုံ၊ မြခွါညိုလမ်းရှိ သာသနာ့ဝံသဓမ္မာရုံနှင့် မန္တလေးလမ်းပေါ်ရှိ ဦးမောင်မောင်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ကို အခြေပြုကာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော မိသားစုများအား အိမ်ထောင်တစ်စုလျှင် အသားတင် အလေးချိန်(၅၀) ကီလိုဂရမ်ရှိ (၂.၄၅)ပြည့်ပါ ဆန်တစ်အိတ်၊ စုစုပေါင်း အိမ်ထောင်စု(၅၃၂၂)စု ဆန်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူထံမှ သိရ သည်။
ဝေဝေ(ပြန်/ဆက်)