ရှမ်းရွာသစ် ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြည်သူများ အသိပညာ ဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်များ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ဥပဒေများ အကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းဖြင့် အကြမ်း ဖက်မှုပပျောက်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှု ပပျောက်စေရေး တို့အတွက် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်တတ်စေရန် စသည့် အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိ ပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစ နစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)