နတ်မောက် ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့စျေးရပ် ကွက်ရှိအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၇) ဦးအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်( ၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး (၇) ဦးနှင့် အဘွား (၂၀) ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက် ပံ့ပေးခြင်းဖြစ်ပြီး စျေးရပ်ကွက်ရှိအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၇) ဦးတို့အ တွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၁၀၀၀၀) ထောက် ပံ့ပေးခဲ့ ကြောင်း သိရသည်။
လှဝင်း