မိုင်းပျဉ်း ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီလ ၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်တားဆီး နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲ တစ်မျိုးဖြစ်သည့် (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာ နေရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူကြပါရန်နှင့် ကာကွယ်ဆေးများကိုလည်း မပျက်မကွက် သွားရောက်ထိုးနှံကြပါရန် စသည့်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ် ရုံးအနေဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို လူစည်ကားရာ နေရာများတွင်သာမက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့လည်း ကွင်းဆင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ခင်သန္တာအောင်(ပြန်/ဆက်)