မြန်အောင်မြို့နယ် အင်ပင်မြို့အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံသစ်ပန္နက်တင် မင်္ဂလာအခမ်း အနားကျင်းပ

 

မြန်အောင်  ဇန်နဝါရီ  ၈

မြန်အောင်မြို့နယ်၊ အင်ပင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမြို့အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံသစ် ဆောက်လုပ် ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် ၁ ရပ်ကွက် အောင်ဧရာလမ်းနှင့် ဝိဇ္ဇာလမ်း ထောင့်ရှိ အဆိုပါရုံး ဆောက်လုပ်မည့် မြေနေရာ၌ကျင်းပသည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်အနှင့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ က သတ်မှတ်နေရာများတွင် ပန္နက်တင်ပေးကြသည်။ အဆိုပါရုံး အဆောက်အအုံသစ်အား အလျား ၁၂၀ ပေ အနံ ၃၅ ပေနှင့် အမြင့် ၁၂ပေ ရှိ RC တစ်ထပ်အဆောက်အအုံအဖြစ် ရွှေသွယ်စိုး ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တိုကာလအတွင်း အပြီးဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းဇော်ထွန်း