နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

နမ္မတူ ဇန်နဝါရီ

စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာဖတ်ရှိန်မြှင်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် စာအုပ်စာပေဝါသနာပါသူများ အသိပညာဗဟုသုတ တိုးပွား စေမည့် သုတ/ရသ စာအုပ်စာစောင်များနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများ ကြိုက်နှစ်သက် မည့် စာအုပ်/စာပေများအား ခင်းကျင်းပြသထားကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)