ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး မာန်အောင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မီးသတ်ယာဉ်နှင့် နေအိမ်လိုင်းခန်းများအား စစ်ဆေး

မာန်အောင်  ဇန်နဝါရီ ၉

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထိုက်သည် ယမန်နေ့နံနက် ၈ နာရီခွဲက မာန်အောင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား တွေ့ဆုံကာ မီးဘေးလုံခြုံရေးလုပ်ငန်းများအား ရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန်၊ ရည်မှန်းချက်  တာဝန်ကြီး (၄)ရပ်ကို ​ကျေပွန်အောင်ဆောင်ရွက်ကြရန်၊ တပ်ဖွဲ့ဝင်မိသားစုများ ဝင်ငွေ/ထွက်ငွေ မျှတအောင် သုံးစွဲကြရန်၊ ကျန်မာရေး အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ကြရန်တို့ကိုပြောကြားပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ၊ နေအိမ်လိုင်းခန်းများအား စစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)