တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံတွင် အလှူငွေများလှူဒါန်းခြင်းနှင့် အောက်ဆီဂျင် (၄၀) လီတာအိုးများ လာရောက်လှူဒါန်း

တံတားဦး ဇန်နဝါရီ   ၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံအမြဲတမ်း လည်ပတ်နိုင်ရန် လိုအပ် လျက်ရှိသော မီးစက်အတွက် အလှူရှင်များမှ အလှူငွေများနှင့် အောက်ဆီဂျင်(၄၀) လီတာအိုးများကို ကော်မတီများထံသို့ အသီးသီးထံသို့  လာရောက်လှူဒါန်း ကြကြောင်းသိရသည် ။

မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ၌ တံတားဦးမြို့ ရေလည်ရပ်နေ ကွယ်လွန်သူ ဦးမောင်မောင်အား ရည်ဇူး၍ ဒေါ်တင်အေ (တော်ဝင်ရတနာ-ရွှေဆိုင်)မိသားစုမှ မိသားစုမှ  အလှူငွေကျပ် (၁၀)သိန်း ၊ အမေရိကန်နိုင်ငံ ရွှေမန်းဘုန်းဘုန်းမှ အလှူငွေကျပ်(၃)သိန်း ၊ တံတားဦးမြို့ တစီးရှင်ရပ် ဦးတက် (ညီမ)ဒေါ်သိန်းထိုက်၊ မအေးအေးမြင် မိသားစုတို့မှ အလှူငွေကျပ်(၁)သိန်း (၅)သောင်းကို လည်းကောင်း ၊ အိမ်သစ်တန်းရပ် ဦးစိုင်းဇော်မင်းဦး ဇနီးဒေါက်တာ နှင်းနုရီ မိသားစု ၊ စစ်ကိုင်းမြို့မှ ဦးစိုးဝင်း ဇနီးဒေါ်နွဲ့ကြည် (ကားရောင်းဝယ်ရေး)  မိသားစု ၊ နီပါးတန်းရပ် ဦးဌေးဝင်း ဇနီး ဒေါ်အေးအေးမွန် (သောင်းစံ-စတိုး) မိသားစု ၊  စိတ္တရမဟီရပ် ဦးစိုးဝင်းဇနီးဒေါ်လှသန်းမြင့် မိသားစု ၊ လွှစဉ်တန်းရပ်  ဦးဌေးသိန်း ဇနီး ဒေါ်စိမ်းစိမ်းမာ မိသားစု ၊ သာဂေါင်ရပ် ဦးဉာဏ်မြင့် ဇနီးဒေါ်သန်းလှ မိသားစု  ၊ ဟံသာဝတီကျေးရွာအုပ်စု ယွန်းတန်းရပ် ဦးမြမောင် ဇနီးဒေါ်မမလေး မိသားစု ၊ တံတားဦးမြို့ ရေလည်ရပ် ဦးသက်တင် ဇနီး ဒေါ်တင်အောင် (ရွှေဆင်-ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ရေး) မိသားစုတို့မှ အလှူငွေကျပ်(၁)သိန်းစီကိုလည်းကောင်း ၊တံတားဦးမြို့ တောင်ရပ်နေ   ဦးစိုးလွင်ဇနီးဒေါ်ခင်မာကြည် မိသားစုမှ ၊ သာဂေါင်ရပ် ဦးဆန်းလင်း ဇနီးဒေါ်ခင်မြင့်ရီ မိသားစုတို့မှ အလှူငွေကျပ်(၅)သောင်းစီကိုလည်းကောင်း   တံတားဦးမြို့နယ် ပြူကန်ကျေးရွာ ကိုမျိုးဝင်း မခင်မြတ်ထွေး မိသားစုတို့မှ အောက်ဆီဂျင် (၄၀)လီတာအိုး(၁)လုံး ၊ တံတားဦးမြို့ ဆုံကုန်းရပ် သဉ္ဇာထက်-ဆိုင်ကယ်အပိုပစ္စည်း‌ရောင်းဝယ်ရေး  မိသားစုတို့မှ အောက်ဆီဂျင် (၄၀)လီတာအိုး(၁)လုံး ၊ တံတားဦးမြို့နယ် ရေကမိုးကျေးရွာ ဦးဝင်းဆွေ ဇနီး ဒေါ်နု မိသားစုတို့မှ ထိုင်ခုံ(၅)လုံးတို့ကို အသီးသီး လာရောက် လှူဒါန်းကြရာ ကော်မတီများမှ လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည် ။

အဆိုပါအောက်ဆီဂျင် စက်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ်စက်အမျိုးအစားပြီး  စက်တန်ဘိုးမှာ ငွေကျပ်သိန်းပေါင်း(၈၆၀) ကုန်ကျကြောင်း အောက်ဆီဂျင်စက်ရုံကို အလျား(၅၀)ပေ ၊ အနံ(၂၀)ပေနှင့် အမြင့်(၁၂)ပေတို့ဖြင့် တည်ဆောက်ထားကြောင်း ၊ အောက်ဆီဂျင်စက်ရုံမှာ နာရီပေါင်း(၂၀)နာရီတွင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံးပေါင်း (၈၀)ကို ထုတ်လုပ်နိုင်ရုံမက.ပိုလျှံတဲ့အတွက် အခြားမြို့ရွာများ ကိုလည်းလှူဒါန်းပေးနိုင်ကြောင်း  အောက်ဆီဂျင် လိုအပ်သူများအနေဖြင့် အောက်ဆီဂျင် အိုးများကို အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမာန်အတွင်းရှိ မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ၌လည်းကောင်း ၊ အောက်ဆီဂျင် (၁၀)လီတာအိုး ၊ (၁၅)လီတာအိုး ၊ (၂၀)လီတာအိုး များကို တံတားဦးမြို့နယ် စေတနာရှင်လးမှုကူညီရေးအသင်း၊ အနှိုင်းမဲ့ပါရမီ လူမှုကူညီရေးအသင်းနှင့် ပုညကမ္မလူမှုကူညီရေး အသင်း၌လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်ပေးည်ဖြစ်ရာ ဆက်သွယ်ရယူနိုင်ကြောင်း မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးချမ်းသာထံမှသိရသည်။

ရဲတင့်(တံတားဦး)