ပြည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများ အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်မြို့ပေါ် ရပ်ကွက်/ကျေးရွာ များအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ယင်းသို့ အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်ထားပြီး လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ(face shield)ကို တွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာစနစ်တကျ မကြာခဏဆေးကြောရန် စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအချက် အလက်များအပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူ သိရှိနိုင်စေရန် နံရံကပ်စာစောင်၊ Hand Speakerနှင့် Sound Box အသံချဲ့စက်တို့ဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)